ကဆုန်လပြည့်(ဗုဒ္ဓ)နေ့တွင် ဝမ်းတွင်းမြို့၌ သံဃာတော် ၁၀၈ ပါး ဆွမ်းလောင်းလှူပွဲကျင်းပ

ဝမ်းတွင်း မေ ၄

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဝမ်းတွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော သံဃာ ၁၀၈ ပါးအား သံဃဒါန ၊ ဆွမ်းလောင်းလှူပူဇော်ပွဲကို ယနေ့ ကဆုန်လပြည့်နေ့(ဗုဒ္ဓ) နေ့ နံနက် ၆ နာရီက  ရာဇမုနိဘုရား၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံဃာတော် ၁၀၈ ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင် ပြည်သူများက သံဃဒါန၊ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်စ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများကို လောင်းလှူခဲ့ကြသည်။

ဆွမ်းလောင်းပွဲတွင် ဝမ်းတွင်းမြို့မကျောင်းမှ သံဃာ ၉ ပါး၊ သိမ်တော်လေးကျောင်းမှ သံဃာ ၉ ပါး ၊ ညီနောင်ကျောင်းမှ သံဃာ ၉ ပါး၊ ကံစွယ်ကျောင်းမှ သံဃာ ၉ ပါး၊ တံတားဦးကျောင်းမှသံဃာ ၉ ပါး၊ လိန်ပင် ကျောင်းမှ သံဃာ ၉ ပါး၊ မြသိန်းတန်ကျောင်းမှ သံဃာ ၉ ပါး၊ မြဘုန်းရှင်ကျောင်းမှ သံဃာ ၉ ပါး၊ ဗဟိုကျောင်းမှ သံဃာ ၉ ပါး၊ သိမ်တောင်ကျောင်းမှ သံဃာ ၉ ပါး၊ ဘုရားကြီးကျောင်းမှ သံဃာ ၉ ပါး၊ ကိုးတောင်ပြည့်ကျောင်းမှ သံဃာ ၉ ပါး စုစုပေါင်း သံဃာ ၁၀၈ ပါးအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ် ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်ပြည်သူများက စုပေါင်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)