သပိတ်ကျင်းမြို့ ကမ္ဘာအေးစေတီတော်မြတ်၌ သံဃာတော်( ၁၀၈)ပါးအား လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

သပိတ်ကျင်း မေ 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် သံဃာတော်( ၁၀၈)ပါးအား ဆွမ်းဆန်စိမ်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေ လောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့နံနက်( ၆)နာရီက သပိတ်ကျင်းမြို့ ကဘဲ့ရပ်ကွက်ကမ္ဘာအေးစေတီတော်မြတ်တွင် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လောင်းလှူပွဲသို့ သပိတ်ကျင်းမြို့နယ်အတွင်းရှိ သံဃာတော်အရှင်သူမြတ်များနှင့် ရှင်သာမဏေ ( ၁၀၈)ပါးတို့အား သပိတ်ကျင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်တင့်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုများ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုများ၊ ဗုဒ္ဓကလျာဏယုဝ(Y.M.B.A) အသင်း၊ မြို့နယ်ဗုဒ္ဓဘာသာ ပြန့်ပွားရေးအသင်းသူ အသင်းသားများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်စန္ဒာထွန်းနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ စေတနာရှင်ပြည်သူများ၊ အင်အား(၉၀၀)ခန့် တက်ရောက်ခဲ့ပြီး လှူဖွယ်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများ၊ ဆွမ်းဆန်စိမ်းများ၊ စေတနာသဒ္ဓါတရား ထက်သန်ကြည်ညိုစွာဖြင့် ခြိမ့်ခြိမ့်သဲ စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)