လင်းခေး မေ ၄
နှစ်စဉ်ကဆုန်လပြည့် (ဗုဒ္ဓအခါတော်နေ့) ရောက်တိုင်းလင်းခေးခရိုင်၊ လင်းခေးမြို့၌ ကျင်းပမြဲဖြစ်သော (၆၅)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့နံနက်၇နာရီကကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်အား မြို့နယ်အတွင်းရှိဘုန်း တော်ကြီးကျောင်း(ပင့်ကျောင်း)များမှ ဆရာတော် သံဃာတော်အပေါင်းက မြို့နယ်နွယ် ဝတီခန်းမပုရိဝုဏ်အတွင်း၌ စုရပ်ပြုကာ၊ မြို့နယ်ဂေါ ပကအဖွဲ့မှ တာဝန်ရှိသူတို့က ဦးဆောင်ကာ မြို့မလမ်းမကြီးအတိုင်းမှ စတင် လှည့်လည် လောင်းလှူခံခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ ယင်းနောက် မဟာဝိဟာရပရိယတ္တိ စာသင်တိုက်ကျောင်းကြီးကျောင်းတွင် ရပ်နားမှုပြုခဲ့ကြသည်။
၄င်းစုပေါင်းလောင်းလှူပွဲကျင်းပရာတွင် ရှေ့ဆုံး၌ သာသနာ့အလံကိုင်အဖွဲ့နှင့် အတူ ဗုဒ္ဓမြတ်စွာဘုရားဆင်းတုတော်တစ်ဆူ၊ ဗုဒ္ဓအခါတော်နေ့အထိမ်းအမှတ် မြတ်စွာဘုရားဗျာ ဒိတ်ခံယူခန်း၊ ဖွားမြင်တော်မူခန်းနှင့် ပရိနိဗ္ဗာန်ပြုတော်မူအခန်းများအားပြသထားသော ပန်းချီကားချပ်ပါ မော်တော်ယာဉ်များဖြင့် လှည့်လည်ကျင်းပခဲ့ကြပါသည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိဒေသခံပြည် သူများ၊စေတနာအလှူရှင်အပေါင်းတို့က အလှူငွေ၊ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးပစ္စည်းအမျိုးမျိုး၊ ဘုန်းတော်ကြီးကျောင်းသုံး ပစ္စည်းမျိုးစုံနှင့် သံဃာ့အသုံးအဆောင်ဆိုင်ရာအလှူ ပစ္စည်းအစုစုတို့ကို ပင့်ကျောင်းအသီးသီးမှ ကြွရောက် လာကြသည့် ရဟန်း(၁၅၇)ပါး၊ သာမဏေ(၆၆၅)ပါး စုစုပေါင်း(၈၂၂)ပါးတို့ထံ စုပေါင်းလောင်း လှူခဲ့ကြသည်။
ဆွမ်းဆန်စိမ်းလောင်းလှူပွဲအပြီး မြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကကြီးမှူး၍ ပြည်တွင်းပြည်ပ ဘွဲ့ရရဟန်းတော် (၂ပါး)အား ဂုဏ်ပြုချီးမြှောက်ခြင်းနှင့် လင်းခေးမြို့နယ်အတွင်းရှိ အစိုးရပထမပြန်စာမေး/စာ ပြန်စာအောင် ရှင်သာမဏေများထံ ဂုဏ်ပြု ဆုများချီးမြှင့်ခြင်းအခမ်းအနားကို ပရိယတ္တိစာသင်တိုက် သုံးထပ်ကျောင်းဆောင်တွင် ဆက်လက်ကျင်းပခဲ့ပါသည်။ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆွမ်း၊ ခဲဘွယ်တို့ ဆက်ကပ်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)