မိုးမိတ် မေ ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သွေးလှူနိုင်ရေးနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို မေ ၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က မြို့နယ်ပည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦပြည့်စိုးထွဋ်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦဇော်မော်တို့က ဦးဆောင်၍ ပြည့်သူဆေးရုံးဝန်း အတွင်း၊အပြင်ရှိ အမှိုက်များ၊ ဆေးရုံးအဆောက်အဦပေါ်ရှိ သစ်ကိုင်ခြောက်များ ရှင်းလင်း ဆောင်ရွက်ခြင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် လိုအပ်သည့်အချိန်တွင် သွေးအဆင့်သင့်ရရှိနိုင်ရေးအတွက် သွေးအုပ်စုစစ်ဆေး၍ သွေးလှူနိုင်ရေးအတွက် ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ခရိုင်နှင့်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြိမ်းသတ်မှု စွမ်းရည် ပြည့်ဝစေရေး ၊ ၊သဘာဝဘေးအန္တရာယ် ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြည့် ဝစေရေးတို့ကို လေ့ကျင့်ခန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိသည်ဟု မြို့နယ်မီးသတ်ဦးစီးမှူး ဦဇော်မော်က ပြောသည်။
စည်သူဌေး(ပြန်/ဆက်)