ရန်ကင်း မေ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် မိုးကောင်းဆုတောင်းပြည့်စေတီ တော်မြတ်ကြီးတွင် ၁၃၈၅ ခုနှစ်၊ ဧပြီလ ၃ ရက် ၊ ကဆုန်လပြည့် ဗုဒ္ဓနေ့၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မိုးကောင်းဂေါပကအဖွဲ့တို့မှ ကြီးမှူး၍ မြိုနယ်အဆင့်ဌာနဆိုင်ရာများမှ ယနေ့ နံနက် ၇:၃၀ အချိန်က ငွေဖလားများတွင် အောင်သပြေ၊အောင်ရေနှင့်အမွှေးနံ့သာတို့ ပက်ဖျန်းကာ မဟာဗောဓိရွှေညောင်ပင်၌ ညောင်ရေသွန်းလောင်းခြင်းကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သို့ဖြစ်ရာ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည် လတကာတို့တွင် ကဆုန်လကို အမွန်မြတ်ဆုံးသောလဟု မှတ်ယူကြပြီး၊ မြန်မာ့ဆယ့်နှစ်လရာသီတွင်လည်း ဒုတိမြောက်လဖြစ်ရာ ညောင်ရေသွန်းပွဲတော်သည် မြန်မာတို့၏ ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့၊ မြန်မာနည်း၊ မြန်မာ့ဟန်ဖြင့် ပေါက်ဖွား လာသော ပွဲတော်တစ်ခု ဖြစ်ပြီး၊ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းဓလေ့သည် မြန်မာတို့တွင်သာရှိသောကြောင့် မြန်မာ့ ပွဲတော်စစ်စစ်ဟု ဆိုရပေမည်။
ထို့နောက် မြတ်စွာဘုရားရှင်ကို ကဆုန်လပြည့်နေ့၌ ဖွားမြင်ခဲ့ရာ ဘုရားဖြစ်တာ်မူ သောရက်မှာလည်း ကဆုန်လပြည့်နေ့ တွင်ဖြစ်၍ မြတ်ဗုဒ္ဓသည် ကဆုန်လပြည့် နေ့မှပင် ပရိနိဗ္ဗာန်စံတော်မူခဲ့သောကြောင့် ထိုနေ့ကို ကဆုန်လပြည့် ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက အထွတ်အမြတ်ထားခဲ့ကြသည်။
ရန်ကင်းမြို့နယ်မိုးကောင်းဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် ကဆုန်လပြည့်ဗုဒ္ဓနေ့၌ ဝတ်အသင်းများက စေတီတော်မြတ်ကြီးအား လှည့်လည်ရွတ်ဖတ်ပူဇော်၍ စတုဒီသာကျွေးမွေးကြသူ များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများ၊ မြို့ပေါ်ရပ်ကွက်များမှ လူငယ်လူရွယ်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး ဝန်ထမ်းများမှ မဟာဗောဓိရွှေ ညောင်ပင်ကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပျော်ရွှင်အေးချမ်းစွာ ကဆုန်ညောင်ရေသွန်းလောင်းလျက်ရှိကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)