ကျိုင်းတုံ မေ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အပတ်စဉ် (၂၇)သူနာပြု-သားဖွားဒီပလိုမာ (ပထမနှစ်) သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့က ကျိုင်းတုံသူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစည်သူအောင်တို့က အမှာစကားပြောကြားပြီး ကျိုင်းတုံသူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ် (စီမံ) ဒေါ်နော်ထူးက ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးက ကျိုင်းတုံ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအတွက် ငွေကျပ် ၁၅ သိန်း ထောက်ပံ့ ပေးအပ်သည်။
ဆက်လက်ပြီး အပတ်စဉ်(၂၇) သူနာပြု-သားဖွားဒီပလိုမာ (ပထမနှစ်) သင်တန်းသား/ သင်တန်းသူများ ၇၅ ဦး အား တာဝန်ရှိသူများက ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပေးအပ်ပြီး သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)