သာစည် မေ ၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော သံဃာတော် (၁၀၈) ပါးအား သံဃဒါန ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ပွဲအခမ်းအနားကို ယနေ့ နံနက် ၆ နာရီက အမှတ်(၆) ရပ်ကွက်သာယာကုန်းကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြွရောက်လာသော ဆရာတော်သံဃာတော် ၁၀၈ ပါးတို့အားမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့က မုန့်ဟင်းခါးဖြင့် အရုဏ်ဆွမ်း ဆက်ကပ်သည်။ ထို့နောက် နံနက် ၆ နာရီတွင် ဆရာတော်သံဃာတော် ၁၀၈ ပါး တို့အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များကဦးဆောင်၍ မြိုနယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များကသံဃဒါနဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူခဲ့ကြရာစုစုပေါင်း လှူဒါန်းငွေကျပ် ၄၄၃၇၂၀၀ လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကုသိုလ်ရှင်အလှူရှင်များက သာယာကုန်းကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပုညဓဇထံမှ အနုမောဓနာတရားနာယူခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်ချအမျှဝေခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်