ကျောက်ဆည်မြို့နယ်တွင် (၁၆)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ ထေရ်ကြီး/ဝါကြီး ဆရာတော်ကြီးများ ပူဇော်ပွဲနှင့် သံဃာတော်(၁၀၈)ပါး ဆွမ်းလောင်းလှူပွဲ ကျင်းပ

ကျောက်ဆည် မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓဟူးနေ့) ၂၀၂၃ ခုနှစ် မေလ(၃)ရက်နေ့ နံနက်(၆)နာရီအချိန်က သီရိသာသနာ့ ဓမ္မာရုံ၌ (၁၆)ကြိမ်မြောက် ဂိုဏ်းပေါင်းစုံ ထေရ်ကြီး/ဝါကြီး ဆရာတော်ကြီးများ ပူဇော်ပွဲနှင့် ဆွမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနားကို နမောတဿသုံးကြိမ် ဘုရားကန်တော့ ဖွင့်လှစ်ပြီး သက်တော်ရှည်ဆရာတော်ကြီး (၂၃)ပါးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ စေတနာရှင်အလှူရှင်များက ရှိခိုးကန်တော့ခဲ့ရာ နိုင်ငံတော်ဩဝါဒါစရိယ ဘဒ္ဒန္တပါမောက္ခာဘိဝံသ ဧရာဝတီကျောင်း ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီးမှ ဆုပေးစကားများနှင့် ဩဝါဒါကထာများ ချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အခမ်းအနားသို့ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်အရှင်သူမြတ်တို့က မေတ္တာသုတ်တရားတော်များ ရွတ်ဆိုချီးမြောက်တော်မူကြပြီး နိုင်ငံတော်ဩဝါဒါစရိယဘဒ္ဒန္တပါမောက္ခာဘိဝံသ ဧရာဝတီကျောင်း ပရိယတ္တိစာသင်တိုက်ဦးစီးပဓာန နာယက ဆရာတော်ကြီးထံမှ  လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာနှင့် ရေစက်သွန်းချ တရားနာယူ ဆောက်တည်ခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်းခဲ့ကြောင်းနှင့် ထေရ်ကြီး/ဝါကြီး ဆရာတော်ကြီးများနှင့် ကြွရောက်တော်မူကြသော သံဃာတော်(၁၃၁) ပါးတို့အား တန်ဖိုးငွေ (၂၄၉၆၈၅၀၀)ကျပ်တန်းဖိုးရှိ ဆွမ်း/ဆွမ်းဟင်းနှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လောင်းလှူခဲ့ကြောင်း သိရသည်။  

သက်မောင်(ခရိုင်/ပြန်ဆက်)