ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကဆုန်ညောင်ရေသွန်းပွဲအကြောင်းအသိပညာပေး Talk Show ကျင်းပ

ဗဟန်း မေ ၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့၊ ညနေ ၅ နာရီ က ကဆုန်ညောင် ရေသွန်းပွဲအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ ဒေါ်သော်တာဝင်းပြည့်နှင့် စာရေးဆရာ ဝင်းတင်ဦး(ကြံခင်း) တို့က ကဆုန်လပြည့်နေ့၏ထူးခြားချက်များ၊ ကဆုန်လ ပြည့်နေ့၌ ညောင်ရေသွန်းလောင်းပူဇော်ရခြင်း၏ အနှစ်သာရများ၊ ရေသွန်းလောင်းခြင်းဖြင့် မြန်မာလူမျိုး ဗုဒ္ဓဘာသာသူတော်စင်များအတွက် မွန်မြတ်သောကုသိုလ်ကောင်းမှုများရရှိစေခြင်း စသည့်အကြောင်းအရာများကို အကျယ် တဝင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

စန္ဒာမိုး