လောက်ကိုင်မြို့၌ (၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

လောက်ကိုင် မေ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၌ မေလ (၅)ရက် နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဆန်းထွန်း ဦးဆောင်၍ သန္ဓေ ၊ အရန်၊  သီးသန့်မီးသတ်တပ်ဖွဲ့ဝင် (၃၆) ဦးနှင့် မှီခို () ဦး စုစုပေါင်း(၄၀)ဦးတို့က ယမန်နေ့နံနက်  ()နာရီအချိန်က ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (၁၄/၁၀၀)ကုတင်ဆံ့ တပ်မတော်စစ်ဆေးရုံတွင် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့  ကိုးကန့်ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့များ၊ (၁၄/၁၀၀) ကုတင်ဆံ့ တပ်မတော်စစ်ဆေးရုံမှ ဗိုလ်မှူး မျိုးဇော်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်အားပေးခဲ့ကြသည်။

ဆက်လက်၍ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေက အလှူငွေ ယွမ်(၁၀၀၀၀)၊ ဒေသအတွင်းရေးမှူး ဦးမိုးဇော်လတ်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးတို့မှ တစ်ဦးလျှင် ကျပ်(၂၀၀၀၀)၊ တပ်မတော်စစ်ဆေးရုံမှ (ကြက်ဥ၊ ဘီစကစ်၊ နို့မှုန့်၊Royal)စသည့်အားဖြည့် အစားအစာများ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ဆန်းထွန်းနှင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးသော်ဇေညွန့်တို့မှ ( ကြက်ဥ၊ အိုဗာတင်း၊ Spriteအချိုရည်)စသည့် အားဖြည့်အစားအစာနှင့် အလှူငွေများပေးအပ်ခဲ့ကြကြောင်း သိရသည်။

ညိုညိုဝင်း( လောက်ကိုင်)