မိုးညို မေ ၃
၁၃၈၅ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ညောင်ရေသွန်းပွဲတော်ကို နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
ထိုသို့ညောင်ရေသွန်းလောင်းရာတွင်မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်ဇင်ဦးနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်နှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုများက ရွှေဉဒေါင်းရပ်ကွက်ရှိ ဝေဇယန္တာပရိယတ္တိစာသင်တိုက်အတွင်းရှိ ဗောဓိရွှေညောင်ပင်အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပန်း၊ဆီမီးကပ်လှူခြင်းနှင့် ညောင်ရေသွန်းလောင်းခြင်း ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)