မက်မန်းမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများသို့ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ

မက်မန်း မေ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများအား (၆၀)ဝပ် ဆိုလာ(၆၅)ချပ်နှင့်ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမတွင် ယမန်နေ့ ၊ မွန်းလွဲပိုင်း အချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မက်မန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက ရှမ်းပြည်နယ် ဝန်ကြီးချုပ်မှ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် လျှပ်စစ်မီးပေးချိန်နည်းပါးချိန်၌ တစ်ဖက်တစ်လမ်းမှ အထောက်ကူဖြစ်စေရန်အတွက် ဆိုလာများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်ဝန်ကြီးချုပ်ကိုယ်စား ခရိုင်အဆင့် ဌာနဆိုင်များအတွက် ဆိုလာများ၊ နယ်ခြားစောင့်တပ်နှင့်‌ နယ်မြေခံတပ်များအတွက် ဆိုလာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်သောင်းက ဆက်လက်ထောက်ပံ့ပေးအပ်ခြင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမျာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ပေးအပ်ခဲ့ရာ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက လက်ခံယူခဲ့ပြီး စုစုပေါင်း ဆိုလာ (၆၅)ချပ်နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စောဥမ္မာ(ပြန်/ဆက်)