လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ သုံးထပ်တိုက် သံဃာ့ကျောင်းဆောင်သစ် ကျောင်းလွတ်ပွဲရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

လားရှိုး မေ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၊ သုံးထပ်တိုက်သံဃာ့ ကျောင်းဆောင်သစ်ကျောင်းလွတ်ပွဲ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အဆိုပါကျောင်းတိုက်တွင်ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တက်ရောက်လာသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မောကိန္နရီတေးဂီတအဖွဲ့မှ ထူးမခြားနားဗုဒရောင်ခြည်တော်ဘွဲ့ သီချင်းခံကြီး သုံးပိုဒ်ဖြင့်သီကျူးပူဇော်ခဲ့သည်။ ဆက်လက်၍ မူဆယ်မြို့ လွယ်တိန်ခမ်းကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂမဟာကမ္မဌာနာစရိယ အရှင်သုခမိန္ဒ (စဝ်ဆုခမ်း)ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်သော မေတ္တာသုတ်တရားတော်ကိုနာယူခဲ့ကြသည်။

ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာသူများက ဆရာတော်သံဃာတော်များအား လှူဖွယ် ၀တ္ထု ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းမှူးက ဝမ်းမြောက်ကြောင်းလျှောက်ထားလွှာအား လျှောက်ထား ခဲ့သည်။ ယင်းနောက် လားရှိုးမြို့ သံဃနာယကဥက္ကဋ္ဌ၊ အဂမဟာသဒမ္မဇောတိကဓဇ၊ အဂမဟာကမ္မ ဌာနာစရိယ၊ အဂမဟာဂန္ထဝါစကပဏ္ဍိတ၊ နိုင်ငံတော်သမ္မတ၏နိုင်ငံ့စွမ်းဆောင်ရည်ဆုရ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒထံမှ လှူဒါန်းမှု အစုစုတို့အတွက် အနုမောဒနာတရားနာယူခြင်း၊ ရေစက်သွန်းလောင်း အမျှပေးဝေခြင်းများ ဆောင်ရွက်ခဲ့ပြီးဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)