တပ်ကုန်းမြို့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအချို့ လူနေအိမ် အမိုးလန်ပျက်စီးမှုဖြစ်ပွား

တပ်ကုန်း  မေ  

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ယမန်နေ့ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ကျေးရွာများတွင် လူနေအိမ်အချို့ အမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့သည်။

အဆိုပါကျေးရွာများသို့ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ တပ်ကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး တင်အောင်မိုး ဦးစီးတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ  တပ်ဖွဲ့ဝင်များ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း သိရပြီး၊ အောင်မြေရိပ်သာကျေးရွာအုပ်စု၊ အောင်မြေရိပ်သာကျေးရွာတွင် လူနေအိမ် ၈ လုံး၊ အောင်မြေရိပ်သာကျေးရွာအုပ်စု၊ ဒယောက်ကူးကျကွမ်တွင် လူနေအိမ် ၅ လုံး၊ ရွှေမြို့ကျေးရွာအုပ်စု၊ ပင်းစုကျေးရွာတွင် လူနေအိမ် ၁ လုံး၊ သပြေကုန်းကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း ကျောင်းနှင့် လူနေအိမ် ၃ လုံး၊ အုန်းပင်ကျေးရွာတွင် လူနေအိမ် လုံးတို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်