ဆွမ်ပရာဘွမ်မြို့တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ဆွမ်ပရာဘွမ် မေ ၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွ‌င် အ‌ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြစိမ်းရောင်စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က မြစိမ်းရောင် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ဦးက မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသော မြို့နယ်မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ် ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မြစိမ်းရောင်ကျေးရွာ ကော်မတီဝင်များက တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ‌ရေးနှစ်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေးလုပ်ကိုင်မည့် လိုင်ဝါးယန်ကျေးရွာအုပ်စု၊ ဆူးယန် ကျေးရွာ၊ ကရန်ယန်ကျေးရွာ၊ ဆွပ်ခါးကျေးရွာ၊ လိုင်ဝါးယန်ကျေးရွာများရှိ ပြည်သူစုစုပေါင်း (၂၈)ဦးအား ငွေကျပ်(၂၇၄)သိန်းနှင့် ခါ့ကရန်းယန်ကျေးရွာအုပ်စု၊ မိုင်ထောင်ကျေးရွာ၊ ဒရူးခ၊ ခါ့ကရန်းယန်ကျေးရွာပြည်သူ စုစုပေါင်း(၆၂)ဦးတို့အား ငွေကျပ်(၅၀၃)သိန်းကို ပြည်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးသန့်ဇင်ဦးထံမှ သိသည်။

ဧပရယ်မိုး(ပြန်/ဆက်)