တနိုင်းမြို့နယ်တွင် အသက် ၃ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးခြင်းများ ဆက်လက်ဆောင်ရွက်

တနိုင်း မေ ၂

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အသက် (၃) နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးခြင်းများကို  ယနေ့နံနက် ၁၀ နာရီက ပုန်ခုန်းရပ်ကွက် မိခင်နှင့် ကလေးကျန်းမာရေးရုံး၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသည်းရောင်အသားဝါ(ဘီ)၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာဗိုင်းရပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်ဂျိုက်သိုး၊ ပိုလီယိုရောဂါ ကာကွယ်ဆေးများကို တိုက်ကျွေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပန်းအိ(တနိုင်း)