ရွှေပြည်သာမြို့နယ်၌ ဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရွှေပြည်သာ မေ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ်(၄)ရပ်ကွက်မြတ် မင်္ဂလာဓမ္မာရုံ၌ ဖွင့်လှစ်သည့် နွေရာသီဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေနံနက်(၉)နာရီတွင် အဆိုပါဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် ကြွရောက်တော်လာကြသော သံဃာတော်များထံမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များ၊ ဓမ္မစကူးလ်သင်တန်းသား/ သူများ၊ မိဘများကငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဒါန်းဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ သင်တန်းပြီးဆုံအောင်တက်ရောက်ကြသည့် ဓမ္မစကူးလ်သင်တန်းသား/ သူများအားသင်တန်ဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည် ဓမ္မစကူးလ်သင်တန်းအား ဧပြီလ(၁၈)ရက်နေ့မှ မေလ(၂)ရက်နေ့အထိ (၁၅)ရက်သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/ သူ(၇၅)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ ဆက်)