ကျောက်တံတား မေ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်၌ ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့၊ နံနက် ၉ နာရီက ကျောက်တံတားမြို့နယ် အမှတ်(၂) ရပ်ကွက်၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ ပြည်သူ့ ကျန်းမာရေးဆေးခန်း၌ ကာကွယ်ဆေးထိုးနှံ ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိန်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဆရာဝန်ကြီးဒေါက်တာစိုးလင်းထူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့တို့ ပူးပေါင်းကာ ရပ်ကွက်နေပြည်သူများနှင့် သူနာပြုသင်တန်းကျောင်းမှသင်တန်းသား၊ သင်တန်းသူများအား သွေးတိုးနှင့် ဆီးချို ရောဂါစစ်ဆေးကု သပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထပ်ဆောင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ ဆက်)