ကမာရွတ်မြို့နယ် Community Centre ခန်းမ၌​​​ ကဆုန်လပြည့်ဗုဒ္ဓနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပ

ကမာရွတ် မေ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ​ကဆုန်လပြည့်ဗုဒ္ဓနေ့အ​ကြောင်း အသိပညာပေးTalk Show ကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်တင်သီတာထွန်းနှင့်​ ဒေါ်ခင်​ကျော့ဝင်းတို့မှ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်​ပေါ်လာပုံ၊ ကဆုန်လပြည့်​နေ့၏ထူးခြားချက်များ၊ ကဆုန်လပြည့်​နေ့၌ ​ညောင်​ရေသွန်း​လောင်းပူဇာ်ရခြင်း၏ အနှစ်သာရများ၊​ ရေသွန်း​လောင်းခြင်းဖြင့်မြန်မာလူမျိုး ဗုဒ္ဓဘာသာသူ​တော်စင်များအတွက်မွန်မြတ်​​သောကုသိုလ်​ကောင်းမှုများရရှိ​စေခြင်းနှင့် သံသာယာဘဝခရီးလမ်း​ဖြောင့်ဖြူး​စေနိုင်​ကြောင်းကို ဗဟုသုတဖြစ်​စေရန်ဆွေးနွေးခဲ့ကြသည်။

ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများဗဟုသုတရရှိအောင် Online Talk Show များဖြင့် အသိပညာပေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ ဆက်)