ငပုတော မေ ၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်ချုပ်ကြီး မိုးမင်းနိုင်နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိန်ပန်းကျောင်း တိုက်အတွင်းဆောက်လုပ်ထားသော ဟိတဓရအောက်ဆီဂျင်စက်ရုံလည်ပတ်နေမှုအား ကြည့်ရှု့စစ်ဆေးကာတာဝန်ရှိသူများ နှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ တာဝန်ရှိသူများ ထံလိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ငပုတောမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း ဆောက်လုပ်ထားရှိသူ Covid လူနာကုသဆောင်နှင့် Q-Center ဖွင့်လှစ်မည့် “ကောင်းသန့် “ဂိုဒေါင် ပြင်ဆင်နေမှုအား ကြည့်ရှု့စစ်ဆေးပြီး ဆေးရုံရှိဆရာဆရာမများ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်လာပါက အဆင်သင့်ဖြစ်စေရေးနှင့် လိုအပ်သည်များကိုတာဝန်ရှိသူများထံမှာကြားကာ ဆေးရုံဟောင်းတွင်Covid ကာကွယ်ဆေး Boosterထိုးနှံနေမှုအား ကြည့်ရှု့စစ်ဆေး စစ်ဆေးခဲ့ပြီး ငပုတောမြို့ ရှု့ခင်းသာကားဂိတ်တွင် မြို့နယ်လူမှုရေးအသင်းအဖွဲ့များမှ မော်တော်ယာဥ်များ ၊မော်တော်ဆိုင်ကယ်များနှင့်ခရီးသွားပြည်သူများအား Mask Campaign ပြုလုပ်နေမှုများ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားခဲ့ပြီးနောက် သက္ကယ်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)