မြစ်ကြီးနား မေ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ကွန်ပျူတာခန်းမ၌ မေလ ၂ ရက်နေ့ နံနက် ၉ နာရီက ကျောင်းသား/ကျောင်းသူများ နွေရာသီ အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးပြု၍ အသိပညာ အတတ်ပညာ ဗဟုသုတများ တိုးပွားလာစေရန် ကွန်ပျူတာအခြေခံသင်တန်း( အခမဲ့) ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၀) ဦးတို့အား မေလ (၂) ရက်နေ့မှ (၃၁) ရက်နေ့အထိ (၁) လအကြာ Microsoft office word, Excel, Power Point, Painting အသုံးပြုနည်းများ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြစ်ကြီးနားမြို့ (Community Center) ၌ ဒေသခံတိုင်းရင်းသူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ် (အခမဲ့) သင်တန်းကို မေလအတွင်း ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)