ကလောမြို့ သမိုင်းဝင်နှီးဘုရားကျောင်းတော်ကြီး၌ မိုးခေါ်ပွဲ(ခေါ်)ရိုးရာတာတက်ပွဲကျင်းပ

ကလော မေ  ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် သမိုင်းဝင်နှီးဘုရားကျောင်းတော်ကြီး၌ မိုးခေါ်ပွဲ (ခေါ်) ရိုးရာအတာတက်ပွဲကို ယမန်နေ့က အဆိုပါကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်စဉ်ကျင်းပလျက်ရှိသည့် သမိုင်းဝင်နှီးဘုရားကျောင်း ရိုးရာတာတက်ပွဲတွင် ကျေးရွာနေ ဒေသခံပြည်သူများက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းတော်ကြီးများ ကပ်လှူပူဇော်ကြပြီး ကလောမြို့နယ်ရှိ သံဎာတော်များပင့်ဖိတ်ကာ ဆွမ်း၊ ခဲဖွယ်နှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်ပူဇော်ခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် တရားတော်များနာယူကာ ရေစက်သွန်းချခဲ့ကြသည်။ ထို့နောက်မိုးခေါ်ပွဲ(ခေါ်)ရိုးရာတာတက်ပွဲအဖြစ် ဒေသအခေါ် (မီးလုံး) များ လွတ်တင်ခဲ့ကြပြီး ယခုလိုမီးလုံးကြီးတွေလွှတ်တင်ကြတာဟာ နှစ်သစ်မှာ ကောက်ပဲသီးနှံတွေ ဖြစ်ထွန်းအောင်မြင်ဖို့ မိုးနတ်သားကို ပူဇော်တာလို့ဒေသခံများထံမှ သိရသည်။

ကလောမြို့နယ်အတွင်း မိုးခေါ်ပွဲ(ခေါ်)ရိုးရာအတာတက်ပွဲကို နှစ်သစ် ၁ ရက်နေ့မှစ၍ ကျေးရွာဒေသအလိုက် ရိုးရာတာတက်ပွဲများကျင်းပ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကျော်ဝင်း(ကလော)