မော်လမြိုင်မြို့ အ.ထ.က ရွှေနတ်တောင်ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

မော်လမြိုင် မေ ၂

​ကျောင်းသား၊ကျောင်းသူများအား အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံလေကြောင်းလူငယ် သင်တန်းတို့ပူးပေါင်း၍  အသိပညာပေးဟောပြောပွဲကို မေလ ၁ရက်နေ့ နံနက် ပိုင်းက မော်လမြိုင်မြို့ အ.ထ.က ရွှေနတ်တောင် ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ယခုသင်တန်းတွင် သင်ကြားသည့်ဘာသာရပ်များကို အထူးစိတ်ပါဝင်စားစွာ သင်ကြားစေလိုကြောင်း၊ သင်တန်းပြီးဆုံးသွားသည့်အခါ သင်တန်းတွင် သင်ကြားပေးခဲ့သော စာတွေ့လက်တွေ့များအား မိမိတို့ပတ်ဝန်းကျင်တွင် လက်တွေ့အသုံးချစေလိုကြောင်း အသိပညာပေး ဟောပြောပြီး၊  လေးကြောင်းအခြေခံသင်တန်းမှ သင်တန်းနည်းပြဆရာတစ်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြေားကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်များအား  ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ ဆက်)