ပေါင် မေ ၂
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လေးကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသူများအား ပဉ္စမအကြိမ် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေး ထိုးနှံရာတွင် ပဉ္စမအကြိမ် ထပ်ဆောင်းထိုးနှံပေးခြင်းနှင့်အတူ တစ်ကြိမ်တစ်ခါမှမထိုးနှံရသေးသည့် ကိုယ်ဝန်ဆောင်မိခင်များ၊ အကြောင်းအမျိုးမျိုးကြောင့် ခရီးလွန်နေသူများ၊ အသက်(၁၅)နှစ်နှင့် (၁၈)နှစ်ကြား၊ အသက်(၅)နှစ်မှ(၁၅)နှစ်ကြား ကလေးများတို့အား ပထမအကြိမ်ထိုးနှံပေးခြင်း၊ Booster Dose စတုတ္ထအကြိမ်၊ တတိယအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံရန်လိုအပ်သူများအား ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ စေတနာ့ဝန်ထမ်းများက လိုအပ်သည်တို့ကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
ပေါင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို စုရပ်များအလိုက် ဆောင်ရွက်နေပြီး ဒေသခံပြည်သူများအား ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)