မုံးကိုး မေ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကလေးတိုင်းကျန်းမာပျော်ရွှင်စွာ ကြီထွားလာစေရန်အသက်(၂)လမှ အသက် (၁)နှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံခြင်းကို မုံးကိုးမြို့ ပြည်သူ့ဆေးရုံး၌ ယနေ့နံနက် (၁၀)နာရီအချိန်က ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယခုလို ကာကွယ်ဆေးထိုးနှံရခြင်းသည် ကလေးငယ်များ ကျန်မားသန်စွမ်းသောကလေးငယ်များ ဖြစ်လာစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက် နိုင်ရေးအတွက် ဆရာဝန်ကြီး ဒေါက်တာဒီးအောင်နှင့် ဆရာမကော့မိုင်က ကာကွယ်ဆေးထိုးကြမည့် ကလေးသူငယ်များအား ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်စင်စေခြင်း၊ စာရင်းအချက်အလက်များကောက်ယူခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပြီးချိန်တွင် ခေတ္တအနားယူစေခြင်း စသည့်လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်လျက်ရှိပြီး စုစုပေါင်း (၆၀) ဦး တို့အား ကလေးကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မေစံပယ်ဖူး(မုံးကိုး)