မန္တလေးမြို့ မဟာမုနိဘုရားကြီး၌ အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပမည်

မဟာအောင်မြေ မေ ၂

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ် မဟာမုနိဘုရားကြီး၌ နှစ်စဉ်အစဉ်အလာမပြတ် ကဆုန်လပြည့် ညောင်ရေသွန်းပွဲကို စည်ကားသိုက်မြိုက် စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

"ကျွန်တော်တို့ မန္တလေးမြို့ မဟာမုနိဘုရားကြီးက အံ့ဖွယ် (၈) ပါး အပါအဝင်ဖြစ်တဲ့အတွက် ဘုရားကြီးရဲ့ရင်ပြင်တော်မှာ ရေမဝပ်ဘူး စဉ်ဆက်မပြတ်စီးဆင်း‌နေပြီး ယခင်က အခမ်းအနားတွေ ကျင်းပတဲ့အခါ ရေတော်ဆရာတော်များက ပတ္တမြားအိုးကိုင်ပြီး နတ်မင်းကြီး‌ လေးပါးက ရွှေအိုး (၄) လုံးပင့်ဆောင်ပြီး ဝတ်အသင်းအဖွဲ့၊ ဘောဓိသရေကြည်တော်ဝတ် အသင်းအဖွဲ့များနှင့်ကျင်းပခဲ့ရာ ယခုမှာတော့ ဘုရားကြီးမှာရှိတဲ့ လူငယ်တွေက ထမ်းပိုးလေးနဲ့အလှဆင်ပြီး ဂေါပကအဖွဲ့ဝင်များနှင့်‌ တာဝန်ရှိပုဂ္ဂိုလ်များက စည်တော်ကြီးများနဲ့ အခမ်းအနား ဖွင့်ခဲ့တာ အခုဆို (၂) နှစ်ရှိပြီး နောင်နှစ်တွေမှာလည်း အစဉ်အလာမပြတ် ကဆုန်ညောင်ရေသွန်းပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း "၎င်းထံမှသိရသည်။

နှစ်စဉ်ရိုးရာအစဉ်အလာ ထိန်းသိမ်းတဲ့အနေနဲ့ ကဆုန်ညောင်ရေသွန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာပါ၊ ကိုဗစ်ကာလမှာတောင် ကိုဗစ်စည်းမျဉ်းစည်းကမ်းချက်နှင့်အညီ အစဉ်အလာမပြတ်ကျင်းပခဲ့တယ်၊ လွတ်‌လပ်ရေးမတိုင်မီက ကဆုန်လပြည့်နေ့ဆို မဟာမုနိ ဘုရား ကြီးမှာ ရပ်ဝေးရပ်နီးကလာကြတဲ့ အများပြည်သူတွေက ဘုရားကြီးအား ကိုယ်တိုင်ရေသက်ပါယ်ကြပြီး အခုကတော့ ဘုရားဝန်းထဲမှာ ဗောဓိပင် စိုက်ပြီး နှစ်စဉ်ညောင်ရေသွန်းပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပပြီး အလှူရှင်များကလည်း ကဆုန်လပြည့်နေ့တစ်ရက်လုံး စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း