မိုးနဲ မေ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့်စာရေးများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ မြေ/ယာပိုင်ဆိုင်မှုမရရှိသေးသော ဌာနများအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားကြရန်၊ တိုင်းရင်းသားတို့၏ ရိုးရာ၊ ဓလေ့၊ ယဉ်ကျေးမှုများနှင့်အညီ အလေးထားဆောင်ရွက်ပေးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် (Booster Dose) ထိုးနှံရန်ကျန်ရှိသော ဌာနဆိုင်ရာများနှင့် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကိုဗစ် ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှုများ ဆောင်ရွက်သွားကြရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုများကို အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရေး၊ ဌာနဆိုင်ရာရုံးများနှင့် မြို့တွင်းသန့်ရှင်းသာယာရေး ပူးပေါင်းဆောင်ရွက်သွားကြရန် စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက သက်ဆိုင်ရာလုပ်ငန်းအလိုက်တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)