တပ်ကုန်း မေ ၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ခရမ်းစပ်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအနီး၊ ၅ ရက်လျှင် တစ်ကြိမ် ပြုလုပ်သည့် တပ်ကုန်းနွားပွဲဈေးတွင် မှတ်ပုံ တင်ရောင်းချသည့် တိရစ္ဆာန်အကောင်ရေ နွား ၁၇၇ ကောင်၊ ကျွဲ ၁၅ ကောင်၊ ဝက် ၂၈၁ ကောင် ရှိသည့်အနက်မှ ဧပြီ ၃၀ ရက် နံနက်ပိုင်းက ကျင်းပသည့်နွားပွဲဈေးတွင် နွား ၈၆ ကောင်၊ ကျွဲ ၈ ကောင်၊ ဝက် ၁၅၃ ကောင်တို့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ခိုင်းနွား တစ်ကောင်လျှင် ငွေကျပ် ၆ သိန်း မှ ၇ သိန်း၊ ခိုင်းကျွဲတစ်ကောင်လျှင် ငွေကျပ် ၄သိန်းမှ ၆သိန်းခွဲ၊ အသားနွားတစ်ကောင်လျှင် ငွေကျပ် ၃ သိန်းခွဲ မှ ၅ သိန်းခွဲ ထိလည်းကောင်း၊ မွေးဝက် တစ်ကောင်လျှင် ငါးသောင်းကျပ်မှ ခုနှစ်သောင်းကျပ်ထိလည်းကောင်း၊ ဈေးနှုန်းများ အသီးသီးဖြစ်ပေါ်ခဲ့ကြောင်း သိရပြီး၊ ကျွဲ/နွားများတွင် လူကြိုက်များသည့် ရုပ်နှင့်အရည်အသွေးများ ပေါ်မူတည်၍ ဈေးနှုန်းကြီးမြှင့်လျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် လိုင်စင်စီများမှ ဝယ်ယူမှုအနေဖြင့် မြဝတီရပ်ကွက်၊ ဦးထွန်းကျော်က အသားနွား ၁၂ ကောင်၊ ရွာသစ်ကျေးရွာ၊ ဦးဘိုဌေးက အသားနွား ၆ ကောင်၊ ညောင်လွန့်ကျေးရွာ၊ ဦးထွန်းထွန်းက အသားနွား ၆ ကောင် အသီးသီးဝယ်ယူခဲ့ကြောင်း သိရသည်။
တင်စိုးလွင်