ပုဇွန်တောင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် အလုပ်သမားနေ့ အကြောင်း အသိပညာပေး Talk Show ကျင်းပ

ပုဇွန်တောင် မေ ၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အလုပ်သမားနေ့အကြောင်းနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့ ၁၀ နာရီတွင် အလုပ်သမားနေ့အကြောင်း အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က Talk Show ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာရေးဆရာ မောင်မောက် (ဝတ်လုံ) (ဦးရဲမင်းစိုး-တရား လွှတ်တော်ရှေ့နေ)က ဆွေးနွေးရာတွင် အလုပ်သမားနေ့ ဖြစ်ပေါ်လာရခြင်း၊ အလုပ်သမားများ အားလုံး၏ အရေးပါမှုနှင့်သိကောင်းစရာများ၊ ၁၉ ရာစုက အလုပ်လုပ်ချိန်အကြောင်း၊ ယခင်အလုပ်ချိန်နှင့် ယခုအလုပ်ချိန် သတ်မှတ်ခြင်းအကြောင်းများ၊ အလုပ်သမားများ၏ အခွင့်အရေးရပိုင်ခွင့်အကြောင်း၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ Talk Show အား အများပြည်သူ သိရှိစေနိုင်ရန်အတွက် Online မှတစ်ဆင့် အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဟန်စုယဉ်