မိုင်းပန်မြို့နယ်၌ မြို့နယ်အဆင့် လယ်ယာမြေဥပဒေအရ  ရောင်းချခြင်း/ ပေါင်နှံခြင်း/ လှဲလှယ်ခြင်း/ ငှားရမ်းခြင်း/ ပေးကမ်းခြင်း/ အမွေဆက်ခံခြင်းဆိုင်ရာ အခမ်းအနား ကျင်းပ

မိုင်းပန် မေ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် လယ်ယာမြေဥပဒေအရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့်အား ရောင်းချခြင်း/ ပေါင်နှံခြင်း/ လဲလှယ်ခြင်း/ ငှားရမ်းခြင်း/ ပေးကမ်းခြင်း/ အမွေဆက်ခံခြင်းဆိုင်ရာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ‌အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမကျင်းပခဲ့‌ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မိုင်းပန်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များအားလုံး တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုလတ်မှ လယ်ယာမြေဥပဒေအရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်အား ရောင်းချခြင်း/ ပေါင်နှံခြင်း/ လဲလှယ်ခြင်း/ ငှားရမ်းခြင်း/ ပေးကမ်းခြင်း/ အမွေဆက်ခံခြင်းဆိုင်ရာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းသည့်အပေါ် ပြန်လည်ရှင်းလင်းဖြေကြားသွားခဲ့ပါသည်။

မိုင်းပန်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် မြို့နယ်အဆင့် ဆောင်ရွက်ပြီးစီးပါက ဆက်လက်၍ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်းပြီး တောင်သူများနှင့် တွေ့ဆုံရှင်းလင်း ဆောင်သွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေနှင့် စီမံခန့်ခွဲ‌ရေးဦးစီးမှူးထံမှ သိရသည်။

နော်မှိုင်း(ပြန်/ဆက်)