ညောင်ဦး မေ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းမှ Grade -9 လူရည်ချွန် ကျောင်းသား/သူများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းအထင်ကရ ဘုရားများ ဖူးမြှော်လေ့လာခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်ကာ ပုဂံ ကမ္ဘာ့အမွေအနှစ်ဒေသရှိ ဘုရားများအား ဖူးမြှော်လေ့လာလျက်ရှိကြောင်း သိရသည်။
ပုဂံလူရည်ချွန်စခန်းမှ စခန်းမှူး ဒေါက်တာ စိုးမြင့်ထွန်း(ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးဆောင်ကာ ကြီးကြပ်သူဆရာ/မများ လိုက်ပါလျက် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူရည်ချွန် ကျောင်းသား/သူ (၁၆၀) ဦးတို့သည် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဓမ္မရာဇက ဘုရား၊ လောကနန္ဒာစွယ်တော်မြတ်စေတီ၊ တာမဏီသိမ်ကျောင်း၊ ရွှေဆံတော်ဘုရားနှင့် ရွှေစည်းခုံစေတီတော်တို့အား ဖူးမြှော်ကြည်ညိုကြကာ လူရည်ချွန်ကျောင်းသား ကျောင်းသူများအား ရှေးဟောင် းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) တာဝန်ရှိသူများမှ ဘုရားကြီးများ သမိုင်းကြောင်း၊ တည်ထားကိုးကွယ်ခဲ့သည့် မင်းများနှင့် ရှေးဟောင်းအင်္ဂတေပန်းများ၊ ဗိသုကာလက်ရာများ အကြောင်းကို လူရည်ချွန် ကျောင်းသားကျောင်းသူများအား ရှင်းလင်းပြသရာ ကျောင်းသားကျောင်းသူများက သိရှိလိုသည် မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းပြခဲ့ကြောင်း သိရသည်။ ပြီးနောက် Grade-9 လူရည်ချွန် ကျောင်းသားကျောင်းသူများ အမှတ်တရ စုပေါင်းမှတ် တမ်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။
ဒီပါလင်း