ဟိုပုံး မေ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သီရိမင်္ဂလာသာသနာ့ဗိမာန်ရေစက်ချ အလှူငွေပေး အပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရန်အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က သီရိမင်္ဂလာသာသနာ့ဗိမာန်တွင် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ အရာရှိကြီးနှင့် စစ်သည်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ချုံနွယ်ပေါင်း မြက်များ ရှင်းလင်းခြင်း၊ သီရိမင်္ဂလာသာသနာ့ဗိမာန် အတွင်း၊ အပြင် အမှိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သီရိမင်္ဂလာသာသနာ့ဗိမာန်ရေစက်ချ အလှူငွေ ပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရန်အတွက် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်းမှ အလှူတော်ငွေ (၁၀၅၀၀၀၀) ကျပ်၊ အမှတ်(၉၀၃) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ အလှူတော်ငွေ (၃၀၀၀၀၀)ကျပ်၊ စုစုပေါင်း (၁၃၅၀၀၀၀) ကျပ်ကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ဘုရားဂေါပက အဖွဲ့တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)