သံတွဲ မေ ၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ အ.ထ.က(၂)ကျောင်းဝန်းအတွင်းတွင် တွဲဖက် ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(သံတွဲ)၌ ဖွင့်လှစ်သင်ကြားပေးမည့် စက်မှု ဘာသာရပ်များ၊ သင်ကြားမှုအစီအစဥ်များ၊ ထောက်ပံ့ပေးအပ်မည့်အစီအစဥ်များနှင့် GTHS အောင်မြင်သူများအတွက် ဆက်လက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ဧပြီလ (၃၀)ရက်နေ့ နေ့လယ်ပိုင်းတွင် သံတွဲမြို့ ဒွါရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး၏ လမ်းညွှန်ချက်အရ သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်မှ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် စက်မှုနည်းပညာဘာသာရပ်များနှင့် ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍ အလိုက် ရှင်းလင်းဆွေးနွေးကာ တက်ရာက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေး မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ မြို့မိမြို့ဖများ၊ ကျောင်းအုပ်ကြီးများနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီ၀င်များနှင့်ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ဌာနဆိုင်ရာတာ၀န်ရှိသူများသည် အ.ထ.က(၂)ကျောင်း ဝန်းအတွင်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (သံတွဲ)အတွက် ဆောက်လုပ်ထားသည့် ကျောင်းဆောင်သစ်သို့ လှည့်လည်ကြည့်ရူခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်ပြန်/ဆက်