စမ်းချောင်းမြို့နယ် အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီးဘုရား၌ (၃၀) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပသွားမည်

စမ်းချောင်း မေ ၁

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်း မြို့နယ်၊ သီရိခေမာရပ်ကွက်၊ ဗားကရာလမ်းတွင်ရှိသည့်  အတုလာဓိပတိ မဟာမုနိသကျ ကိုးထပ်ကြီးဘုရား၌ (၃၀)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ၃-၅-၂၀၂၃ ရက်နေ့  ကဆုန်လပြည့်နေ့၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း  သိရသည်။

အဆိုပါ အတုလာဓိပတိမဟာမုနိသကျ ကိုးထပ်ကြီးဘုရား၌ ကဆုန်လပြည့်နေ့တွင် အလုံခရိုင်အတွင်းရှိ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်လုံးဆိုင်ရာ (၃ဝ)ကြိမ်မြောက်  ကဆုန်ညောင်ရေသွန်းပွဲတော်ကို   စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဘုရားဂေါပက  အဖွဲ့ထံမှ သိရသည်။

နီလာစိုး