ပေါက်တောမြို့၌ တစ်လမ်းမောင်းစနစ်အဖြစ် ပြည်သူများအား အသိပညာပေးလုပ်ငန်း ဆောင်ရွက်လျက်ရှိ

ပေါက်တော    မေ    ၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ယာဉ်ကြောကျပ်တည်းမှုများကို ဖြေရှင်းနိုင်ရန် ယာဉ်အသုံးပြုသွားလာနေသူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ စိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရန်နှင့် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးအတွက် မြို့နယ်တစ်လမ်း မောင်းစနစ်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ပေါက်တောမြို့ရှိ မြို့နယ်စည်ပင်သာယာရေးဈေးကြီးအဝင်လမ်း၊ ဗိုလ်ချင်းပျံလမ်း၊ ရွှေပန်းထိမ်လမ်း၊ ဗိုလ်ချင်းပျံလမ်းသွယ်၊ အဏ္ဏဝါသီရိလမ်း၊ ပြန်/ဆက်ရုံးကြားလမ်းနှင့် စောပြည့်ညိုလမ်းတို့ကို တစ်လမ်းမောင်းစနစ်အဖြစ် အသိပညာပေးလုပ်ငန်းများယနေ့ နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

ထို့ပြင် ပြည်သူများကို အသိပညာပေးလုပ်ငန်းများအား သတ်မှတ်ကာလတစ်ခုအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လိုက်နာမှု မရှိသူများအား ဒဏ်ကြေးငွေပေးဆောင် စေမည့်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါလမ်းများတွင် စည်းကမ်းမဲ့ယာဉ်များ မောင်နှင်းခြင်းကြောင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါက်စေရေးအတွက် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်တစ်လမ်းမောင်း စနစ်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ သိရှိရသည်။

အဆိုပါ တစ်လမ်းမောင်းစနစ်အဖြစ် အသိပညာပေး လုပ်ငန်းများဆောင်ရွက်မှုကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ နံနက်ပိုင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)