ရွှေကူ မေ ၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်း ကမ်းများနှင့်အညီ ပြည်သူများ သွားလာနေထိုင်ရေးအတွက် အသံချဲ့စက်ဖြင့်အသိပေးနိူးဆော်ခြင်း နှင့် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီခန့်က ရွှေကူမြို့ပေါ်ရှိ လူစည်ကားရာလမ်းမများနှင့် အမှတ်(၁)မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များက အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်ရှိ လူစည်ကားရာနေရာများ၌ သွားလာလှုပ်ရှားနေကြသည့် ပြည်သူများအားလည်းကောင်း၊ စည်ပင်သာယာရေးဝန်ထမ်းများမှ အမှတ်(၁)မြို့မဈေးအတွင်းရှိ ဈေးရောင်းချသူ၊ ဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာရေး အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း Mask (၁၀၀၀) ခန့်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပါဝင်သောပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်း အသံချဲ့စက်ဖြင့်လှည့်လည်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၀-၄-၂၀၂၃) ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံ (၃၁) နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံအချို့တွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ စတင် ၍ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုး XBB. 1.16(Arcturus) ကူးစက်မှုများ မြင့်တက်လာပြီး မြန်မာနိုင်ငံတွင်လည်း ဧပြီလဆန်းမှစ၍ ပြည်တွင်းကူးစက်ဖြစ်ပွားမှု အနည်းငယ် မြင့်တက်လာခဲ့ခြင်းကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုနှင့် ရောဂါပြင်းထန်စွာခံစားရခြင်းများမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်ပါရန် အသိပညာပေးတိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)