တပ်ကုန်း ဧပြီ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာပြည်သူများ လိုအပ်သောပစ္စည်းများ တစ်နေရာတည်းဝယ်ယူနိုင်ရန်ကျင်းပသည့် ဈေးရောင်းပွဲတော်ကို ဧပြီ ၂၄ ရက်မှ စတင်ရောင်းချလျက်ရှိရာ မေလ ၃ ရက်နေ့ထိ ဆိုင်ခန်းပေါင်း ၂၀ ကျော် ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း ဗိုလ်မင်းရောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အဆိုပါဈေးရောင်းပွဲတော်တွင် လူသုံးကုန်အမျိုးမျိုး၊ မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုး၊ အစားအစာမုန့်အမျိုးမျိုးနှင့် ကလေးများ အပျော်စီးပင်လယ်ဒါးပြ၊ ချားရဟတ်တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
တင်စိုးလွင်