အမ်း ဧပြီ ၃၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တွေ့ဆုံပွဲကို ဧပြီလ၊ ၂၈ နေ့ နေ့လည် (၁၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်မင်း ကအဖွင့်အမှာစကားပြောကြားပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ရွာများသန့်ရှင်းသာယာလှပရေး၊ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍများ၊ ရပ်ကွက်/ကျေးရွာများရှိ အသေးစားအလတ်စားပုဂ္ဂလိက စက်မှုကုန်ထုတ်လုပ်ငန်း၊ ဒေသဖွံ့ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များအား ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးမင်းထက်နှင့် သက်ဆိုင်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယမကဏ္ဍများ၊ ရပ်ကွက်/ကျေးရွာများရှိ အသေးစားအလတ်စား ပုဂ္ဂလိကစက်မှုလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်