ဒဂုံ ဧပြီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်လွှတ်တော်အစိုးရအဖွဲ့ရုံးဝင်း၌ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်မိသားစုများအား ယနေ့နံနက် ၉ နာရီခွဲမှ ၁၂ နာရီထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးရာသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှုးတို့မှ လာရောက်ကြည့်ရှုခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား Sinovac 1st booster ၉၁လုံး၊ Sinovac 2nd booster ၁၅၅ လုံး၊ Sinopharm 3rd booster၂၅၀လုံး၊စုစုပေါင်း ၄၉၆ လုံး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကြည်ဇေသော်