ပေါင် ဧပြီ ၂၉
မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နေ့လယ်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲကို ပေါင်းရပ်ကွက် ထန်းတောမွန်ကျောင်းဓမ္မာရုံသို့ သွားရောက် ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပေါင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်များ နွေရာသီ ကျောင်းပိတ်ရက်တွင် အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန် စာအုပ် စာစောင်များကို လေ့လာဖတ်ရှုမှုတိုးပွားလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိညာဏ်ပညာတိုးပွားစေရန်၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာနိုင်မည့်အကျိုး ကျေးဇူးများကို ဟောပြောခဲ့ပြီး ဝန်ထမ်းများမှ ယူဆောင်လာသည့် သုတ/ ရသစာအုပ်များကို ခင်းကျင်းပြသကာ ကလေးငယ်များအား စာဖတ်ဝိုင်း ပြုလုပ်ပေးခဲ့ကြောင်းသိရပါသည်။
ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲနှင့်စာအုပ်ပြပွဲများကိုလစဥ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)