ဘူတာ(ထီခွ)ကျေးရွာ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ် အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက် ပြီးစီးသော ဓာတ်အားလှိုင်း ဖွင့်ပွဲအခမ်းအနားကျင်းပ

 

ကျောက်တလုံးကြီး        အောက်တိုဘာ   

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ တောင်ကြီးမြို့နယ် ၊ ဖာမွန်းကျေးရွာအုပ်စု၊ ဘူတာ(ထီခွ)ကျေးရွာ၌ ကျောက်တ လုံးကြီး မြို့၊လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ရှမ်းပြည်နယ် အစိုးရ ဘတ်ဂျက်ဖြင့် 11 KV ဓာတ်အားလှိုင်း ၅၀ပေ ၊11/0.4KV,(50)KVA ခွဲရုံ()ရုံ နှင့်  ၄၀၀ ဗို့အားလိုင်း (.) မိုင် တည်ဆောက်ပြီးစီး၍ လျှပ်စစ်ဓာတ်အားလှိုင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၁၂နာရီ ခွဲခန့် က ဖွင့်လှစ် ခဲ့ကြောင်းသိရသည်။

အဆိုပါ ဖာမွန်းကျေးရွာအုပ်စု၊ ဘူတာ(ထီခွ )ကျေးရွာမီးလင်းရေးဖွင့်ပွဲအခမ်းအနားသို့တောင်ကြီး မြို့နယ် မဲဆန္ဒ အမှတ်()မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးခွန်သူရအောင်၊ ကျောက်တလုံးကြီးမြို့ လျှပ်စစ် ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာ ဦးအောင်မျိုးဦးနှင့် ဖာမွန်းကျေးရွာအုပ်စု၊အုပ်ချုပ် ရေးမှူး ဦးခွန်ကျော်သင်း တို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး၊ ၂၀၁၉၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရ ဘတ်ဂျက် ဖြင့် ကျေးရွာ()ရွာတွင် လျှပ်စစ်ဓာတ်အားရရှိခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု အစိုးရ ဘတ်ဂျက်နှင့် ပြည်နယ်အစိုးရဘတ်ဂျတ်ဖြင့်ကျေးရွာပေါင်း()ရွာ အသီးသီးက လျှပ်စစ်ဓာတ်အား ရရှိမည် ဖြစ် ကြောင်း ကျောက်တလုံးကြီးမြို့ လျှပ်စစ်အင်ဂျင်နီယာဉီးအောင်မျိုးဦး ထံမှ သိရသည်။

  မြဝင်း(ပြန်/ဆက်)