ရန်ကုန် အောက်တိုဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ မိုးရာသီကာလအတွင်း ရေကြီးရေ လျှံမှုများ မဖြစ်ပေါ်စေရန် ၊ ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်နှင့် ခြင်များ ပေါက် ဖွားမှု မရှိစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊စည်ပင်သာယာရေးကော်မတီ ဉက္ကဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများ သည် ရေစီးရေလာတာဝန်ခံအဖွဲ့မှ ဆောင်ရွက်နေသည့် နံ့သာကုန်းရပ်ကွက်နှင့်ကြို့ ကုန်းအရှေ့ရပ်ကွက်အကြား ဘူတာရုံလမ်းဘေး ဘယ်ညာ ရေမြောင်းတူးဖော် လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ လိုအပ်သညများကို လမ်းညွှန် အကြံပြုမှာကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် ဖော့ကန်ရပ်ကွက်အတွင်း ရေမြောင်းတူးဖော်ခြင်း၊အုတ်စီ လုပ်ငန်းခွင်နှင့် ပန်းဉယျာဉ်အဖွဲ့မှ ဆောင်ရွက်နေသည့် အင်းစိန်(GTI)ကျောင်းရှေ့ ကြက်လျှာ စွန်းကို ညီညာစေရန် ဖြတ်တောက်အလှဆင်ခြင်း၊ဗဟိုလမ်းတလျှောက် မြက်ပင်များအား ရှင်းလင်းခြင်း လုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာ ကြားခဲ့ ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)