ရွာငံ အောက်တိုဘာ ၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ပါတီစုံအထွထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲ ပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရွာငံမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံးများ၌ ကြေညာထားရှိမှုများကို တာဝန် ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကျော်ကျော်ထူးနှင့် အဖွဲ့ဝင်များသည် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးများ၌ မဲစာရင်းများကပ်ထားမှုအခြေအနေများ၊ မဲဆန္ဒရှင်စာရင်း များကို ပြည်သူများ လာရောက် ကြည့်ရှု ရာတွင် လွယ်ကူအောင်စီစဉ်ပြသထားမှုများ၊ အမည်စာရင်း များ ပြန်လည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ ပယ်ဖျက် ရန်ကန့်ကွက်ခြင်း၊ မှားယွင်းမှုများကို ပြန် လည်ပြင်ဆင်ပေးရန် လျှောက်ထားသူများကို သတ်မှတ်ပုံစံများဖြင့် ဆောင်ရွက်နိုင်ရေး၊ နိုင်ငံသား စီစစ်ဆေးကဒ်ပြားများကိုလည်း မှန်ကန် အောင် စိစစ် ဆောင်ရွက်ရန် စသည်များကို လမ်းညွှန်မှာ ကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့သည်။
ရွာငံမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၃ )ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၈)အုပ်စုရှိပြီး လျာထား မဲရုံအရေအတွက် ၅၂ ရုံနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၆၁၆၁၄)ဦးခန့်ရှိကြောင်းလည်း သိရသည်။
ထွန်းထွန်းဝင်း(ရွာငံ)