အင်းစိန်မြို့နယ်၌ (၅)ခုမြောက် Quarantine Center အသစ်ကို အ.ထ.က(၃)ကျောင်းတွင် ဖွင့်လှစ် စတင်အသုံးပြု

ရန်ကုန်          အောက်တိုဘာ          ၅

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ (၅)ခုမြောက် Quarantine Center အသစ်ကို အ.ထ.က(၃)ကျောင်းတွင် စက်တင်ဘာလ(၃)ရက်နေ့ ညနေပိုင်းမှစတင်ကာ ဖွင့်လှစ် စတင်အသုံးပြုနေကြောင်း သိရသည်။

အင်းစိန်မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများ၏ Contact Person များ၊ အနံ့ပျောက်သူ များကို Quarantine Center များဖွင့်လှစ်ထားရှိ စောင့်ရှောက်ပေးလျက်ရှိရာ အင်းစိန်(GTI)ကျောင်း ဝင်းအတွင်း Contact Personများ ထားရှိရန် Quarantine Center(၃)ခု၊အင်းစိန် အ.ထ.က(၁) ကျောင်းတွင် အနံ့ပျောက်သူများအတွက် Quarantine Center(၁)ခု၊ယခုအခါ မြို့နယ်အတွင်းမှ  Contact Personများ ထားရှိရန် အင်းစိန် အ.ထ.က(၃) ကျောင်းအား Quarantine Center အမှတ် (၅)အဖြစ် စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း သိရသည်။

ထားရှိမည့်နေရာသို့ အင်းစိန်မြို့နယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး (၂)လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် စစ်ဆေးခဲ့သည်။

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)