နောင်ချို အောက်တိုဘာ ၅
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက်ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့် ဦးဆောင်၍ နောင်ချိုမြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှူး ဒေါက်တာ ကိုကိုနှင့် ဝန်ထမ်းများ၊ ဓာတ်ခွဲပညာရှင်များသည် နောင်ချိုမြို့နယ် ဘန့်ဘွေး တိုးဂိတ်တွင် ပိတ်မိနေသော ရှမ်းပြည်နယ်အတွင်းဝင်ရောက်မည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များ အားကိုဗစ်-၁၉ Test Kitsများဖြင့်စစ်ဆေးခြင်းကိုဘန့်ဘွေးတိုးဂိတ် နားနေဆောင် တွင် စက်တင် ဘာ(၃)ရက်နေ့ (၁၂)နာရီမှ စက်တင်ဘာ(၄)ရက်နေ့ နံနက်(၁)နာရီထိ စစ်ဆေး ဆောင်ရွက် ခဲ့ကြောင်း သိရ သည်။
စစ်ဆေးရာတွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် စုစုပေါင်း(၄၀၄)တို့အား ကိုဗစ်-၁၉Test Kits များဖြင့် စစ်ဆေးပေးခဲ့ရာ ၎င်းတို့အားလုံး၏အဖြေမှာ (Negative)ရောဂါပိုးမတွေ့ရှိသည့်အတွက် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား ၎င်းတို့၏ယာဉ်များနှင့်အတူ သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ဆက်လက် ထွက်ခွာခွင့်ပြုခဲ့ကြောင်းသိရသည်။
အဆိုပါကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား အချိန်ကြန့်ကြာမှုမရှိဘဲ စနစ်တကျ စစ်ဆေးနိုင်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းများ၊ ပရဟိတအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်၊ နောင်ချို (ပြန်/ဆက်)