အလုံ အောက်တိုဘာ ၅
အလုံမြို့နယ်တွင်းပြည်သူများအတွက်ဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်း ခရိုင်၊ အလုံမြို့နယ်၊ ကြီးလေးကြီးလူမှုကူညီရေး အသင်းသို့ ယနေ့၊နံနက်ပိုင်းက လူနာတင်ယဉ် တစ်စီးလာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် Gold Power Co ,Ltd မှ ဦးခင်မောင်အေး နှင့်ဇနီးတို့မှ လူနာတင် ယာဥ်တစ်စီးကို ပေးအပ်လှူဒါန်းခဲ့ရာ အလုံမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နှင့် အဖွဲ့ဝင်များ၊ ကြီးလေးကြီးလူမှုကူညီရေးမှ ဦးမင်းမင်းထွန်းနှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
တင်တင်ချို (အလုံ)