မူဆယ် ဧပြီ ၂၈
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင် စတင်ဖြေဆိုခဲ့သော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာရေး မူလတန်းဆင့်၊ အလယ်တန်း ဆင့်နှင့် အထက်တန်းဆင့်(သင်ရိုးဟောင်း) နှစ်ဆုံးစာမေးပွဲ၏ အောင်မြင်သူစာရင်းများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ယမန်နေ့ နံနက် ၇ နာရီအချိန်က အမှတ် (၂)အခြေခံပညာ အထက်တန်းကျောင်း၌ စတင်ထွက်ရှိခဲ့ပါသည်။
အဆိုပါ အောင်မြင်သူစာရင်းတွင် မူဆယ်မြို့နယ်အတွင်းရှိ ဝင်ရောက်ဖြေဆိုခဲ့ကြသော အစိုးရအခြေခံပညာရေး ကျောင်းများ၊ ပုဂ္ဂလိ ကကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ KG အောင်မြင်သူဦးရေ (၂၆၂၉)ဦး၊ Grade 1 အောင်မြင်သူဦးရေ (၅၁၆၇)ဦး၊ Grade 2 အောင်မြင်သူ ဦးရေ (၂၈၄၄)ဦး၊ Grade 3 အောင်မြင်သူဦးရေ (၂၂၉၂)ဦး၊ Grade 4 အောင်မြင်သူဦးရေ (၂၃၃၆)ဦးနှင့် Grade 5 အောင်မြင်သူဦးရေ (၇၅၀)ဦးရှိခဲ့ပြီး မူလတန်းဆင့် (KG to Grade 5) အောင်မြင်သူဦးရေ စုစုပေါင်း (၁၆၀၁၈)ဦးနှင့် အောင်ချက် ရာခိုင်နှုန်း ၉၉% ရှိခဲ့ပါသည်။
ထို့အပြင် Grade 6 အောင်မြင်သူဦးရေ (၁၀၀၈)ဦး၊ Grade 7 အောင်မြင်သူဦးရေ (၁၃၂၄)ဦး၊ Grade 8 အောင်မြင်သူဦးရေ (၁၀၅၀)ဦး၊ Grade 9 သင်ရိုးဟောင်း အောင်မြင်သူဦးရေ (၇၇၃)ဦးရှိခဲ့ပြီး အလယ်တန်းဆင့် (Grade 6 to Grade 9) အောင်မြင်သူဦးရေ စုစုပေါင်း (၄၁၅၅)ဦးနှင့် အောင်ချက် ရာခိုင်နှုန်း ၉၈% ရှိပါသည်။ ယင်းအပြင် Grade 10 အောင်မြင်သူဦးရေ (၅၈၂)ဦးနှင့် အောင်ချက် ရာခိုင်နှုန်း ၁၀၀%အပြည့် အောင်မြင်ခဲ့ပြီး Grade 11-သင်ရိုးသစ် အောင်မြင်သူဦးရေ (၂၀၄)ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၁၀၀%အပြည့် ဖြေဆိုအောင်မြင်ခဲ့ပါသည်။
အချုပ်အားဖြင့် အစိုးရအခြေခံပညာရေးကျောင်း (မူ၊လယ်၊ထက်) အောင်မြင်သူဦးရေ (၁၄၉၄၇)ဦး နှင့် အောင်ချက်ရာခိုင်နှုန်း ၉၆% ၊ ပုဂ္ဂလိကကျောင်း(မူ၊လယ်၊ထက်) အောင်မြင်သူဦးရေ (၄၅၅၂)ဦး နှင့် အောင်ချက်ရာခိုင်နှုန်း ၉၁% ရှိပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (မူ၊လယ်၊ထက်) အောင်မြင်သူဦးရေ(၆၇၄)ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၉၈% ဖြေဆိုအောင်မြင်ခဲ့ပါသည်။ မူဆယ်မြို့နယ်အတွင်းရှိ အစိုးရ အခြေခံပညာရေးကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများမှ KG ဆင့်မှ အထက်တန်းဆင့်ထိ စုစုပေါင်းဖြေဆိုအောင်မြင်သူ (၂၀၁၇၃)ဦးနှင့် အောင်ချက်ရာခိုင်နှုန်း ၉၅% ရှိကြောင်းသိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)