မောင်တော ဧပြီ ၂၈
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မိုးကြိုးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး Talk Show ကို ယနေ့နေ့လယ် ၁ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မောင်တောခရိုင်ရုံး Community Center ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်နှင့် ဦးစီးအရာရှိ ဒေါ်အေးမြသန်းတို့က မိုးကြိုးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး ပြောကြားရာတွင် မိုးကြိုးအန္တရာယ် ဖြစ်ပေါ်တတ်သည့် အခြေအနေများ ၊ မိုးကြိုးအန္တရာယ်ကြောင့် လူနှင့်တိရစ္ဆာန်များ သေဆုံးခဲ့ကြရခြင်း ၊ မိုးကြိုကာလများဖြစ်သော ဧပြီလ နှင့် မေလ၊ မိုးနှောင်းကာလဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် တစ်နေ့တာအတွင်း မွန်းတည်းချိန်မှစ၍ ညနေ ၆ နာရီအတွင်း မိုးကြိုးအပစ်များဆုံး ဖြစ်ကြောင်း၊ မိုးကြိုးဘေးအန္တရာယ် ကျရောက်လာနိုင်သည့် အခြေအနေတွင် လယ်ယာချောင်း မြောင်းအင်း စသည့်တို့တွင် လယ်ယာလုပ်ငန်း ၊ ရေလုပ်ငန်းလုပ်ကိုင်သူများ ကွင်းပြင် ၊ ရေပြင်တို့တွင် ထီးတည်းကြီး မနေဘဲ အဆောက်အအုံများသို့ အမြန်ဆုံးခိုဝင်ခြင်း၊ မြောင်များ၊ ချိုင့်ဝှမ်းများနှင့် နိမ့်သောနေရာများတွင် ဝပ်၍နေခြင်း ၊ ကွင်းပြင်၌ လူစုလူဝေးနှင့် ဖြစ်နေပါက သီးခြားစီဖြန့်ခွဲ၍ နေခြင်း ၊ ကွင်းပြင်၌ ရောက်ရှိနေပါက ဆောင်ကြောင့်ထိုင်၍ ဒူးနှစ်ဖက်ပေါ် လက်တင် ခေါင်းငုံးထားရန် လိုအပါကြောင်း ဆံပင်များ ထောင်နေသည့်ဟု ခံစားရပါက မိုးကြိုးပစ်တော်မည် လက္ခဏာ ဖြစ်ရာ ဒူး နှစ်ဖက်ကို ယှက်တင်ကာ ခန္ဓာကိုယ်ကို ကွေးညွတ်ထားခြင်းဖြင့် မိုးကြိုးအန္တရာယ်မှ ရှောင်ရှားနိုင်ကြရန် အကြုံပြု လမ်းညွန်ချက် စသည့်များအား အကျယ်တဝင့် အသိပညာပေး ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် (ပြန်/ဆက်)