မိုင်းခုတ်မြို့၊ နောင်တုံရွာ၌ “ဇမ္ဘူဥ​သျှောင်း​စေတီ​တော်၊ ဇိနသုခ​စေတီ​တော်နှင့် ရန်​အောင်၊ မာန်​အောင်၊ တတိုင်းပြည့်​အောင်​တော်မူနဂါးရုံဘုရားတို့အား ​ရွှေထီး​တော်တင်လှူပြီး အ​နေကဇာတင်​ရေစက်ချပွဲ ကျင်းပ

မိုင်းခုတ် ဧပြီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းခုတ်မြို့ နောင်တုံ​ကျေးရွာရှိ၊​ တောင်ကုန်း​ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိ​သော လောကချမ်းသာ လာဘမုနိစေတီတော်မြတ်ကြီးအနီး တည်ထားသော ဇမ္ဘူဥ​သျှောင်း​စေတီ​တော်၊ ဇိနသုခ​စေတီ​တော်တို့အား​ ရွှေထီး​တော်တင်လှူခြင်းနှင့် ရန်​အောင်၊ မာန်​အောင်၊ တတိုင်းပြည့်​အောင်​တော်မူနဂါးရုံဘုရားတို့ကို အ​နေကဇာတင်​ရေစက်ချလှူဒါန်းပွဲကို ယမန်နေ့နံနက် ၉နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိုင်းဆတ်မြို့၊ မြို့ဦးကျောင်းတိုက်မှ ရှမ်းပြည်နယ် ပြည်နယ်ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတနှင့် ဆရာတော် အရှင်ဇနက္က (သာသနာ့တက္ကသီလဓမ္မာစရိယ)ဆရာ​တော်အမှူးပြုသော သံဃနယကအဖွဲဝင်များနှင့်တကွ ဒကာ၊ ဒကာမများ၊ ဘုရားအမဖြစ်သော ဆရာမဒေဝီအောင်ခြင်းမေဓာတ်၊ နတ်၊ သိုက်အကြားအမြင်ပါရမီရှင်(တောင်တန်းနယ်လှည့်သာသနာပြု)တို့မှ စိန်ဖူးတော်များ ပင့်ဆောင်ပြီး ဘုရားအမှုပြုသော သံဃာတော်အရှင်မြတ်တို့က ရွှေထီးတော်တင်လှူပြီး အလှူရှင်များက ရွှေမိုး၊ ငွေမိုးများကြဲပက်ကာ နေ့လယ်ပိုင်းတွင် ရေစက်ချ အလှူမင်္ဂလာတို့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်လွင်ဌေး(ပြန်/ဆက်)