နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအခြေအနေအား လှည့်လည်ကြည့်ရှု

နေပြည်တော် ဧပြီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ နွေရာသီအင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ နွေရာသီ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းကို ဧပြီလ ၂၄ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၁  ဦး တက်ရောက်ကြပြီး အင်္ဂလိပ်စာနှင့် ကွန်ပျူတာနည်းပြ ဆရာ၊ ဆရာမ ၇ ဦးတို့က သင်ကြား ပေးလျက်ရှိရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ကွန်ပျူတာသင်ကြားနေမှု များနှင့် အင်္ဂလိပ်စာသင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)